ရွှေဘို စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မြန်မာနိုင်ငံစာရေးဆရာများအသင်း အသင်းဝင်ကတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရွှေဘိုခရိုင် ရွှေဘိုမြို့စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာအောင်ဘုန်းညိုက ဂုဏ်ပြုစကားပြောကြားခြင်း၊ ခရိုင်ဥပဒေအရာရှိ ဦးဗိုလ်ဗိုလ်နိုင်က မုဒိတာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံစာရေးဆရာများအသင်းမှ အသင်းဝင်ကဒ်ရရှိသူများအား အသင်းဝင်ကတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် စာရေးဆရာ/ဆရာမကြီးများက ဂုဏ်ပြုကဗျာများ အသီးသီးရွတ်ဆိုခဲ့ကြပြီး၊ အသင်းဝင်ကတ်ရရှိသူများက ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)