တာချီလိတ် စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်စံပြကျေးရွာ၊ ပညာရတနာမွန်စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာချီလိတ်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်နိုင်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းအဖွဲ့ခေါင်းဆောင် ဦးယောဘက စည်းကမ်းပိုင်းဆိုင်ရများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများအား ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မယ်လိတ်ပါကော်ကျေးရွာမှ အာခါတိုင်းရင်းသား သင်တန်းသူ ၁၃ ဦး တက်ရောက်ပြီး ပထမအကြိမ် အခြေခံသင်တန်းကာလကို စက်တင်ဘာ ၁၈ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ ရက်ပေါင်း ၃၀ ရက်ကြာ ကျွမ်းကျင်နည်းပြဆရာမများက လုပ်ငန်းထူထောင်နိုင်သည်အထိ စာတွေလက်တွေ့ နှစ်မျိုးဖြင့် အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)