အမြို့မြို့အနယ်နယ်သတင်းများ

Sep 19,2024
စစ်ကိုင်းတိုင်းဒေသကြီး နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ သလ္လာရတနာခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်/သူနာပြုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
Sep 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှကြီးမှူး၍ကျင်းပသော ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်/ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၂)ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အားကစားခန်းမတွင် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်(၉)နာရီ၌ ကျင်းပပြုလုပ်သည်။
Sep 19,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက ယာယီရေဘေးရှောင်စခန်း ရွှေဝက်တိုးဘုန်းတော်ကြီးကျောင်း၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့သည်။
Sep 19,2024
မွန်​ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီက ဘီးလင်းမြို့၊ အ.ထ.က(ကန်သာယာ)ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
Sep 19,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ရေဝင်ရောက်သည့်ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို သက်ဆိုင်ရာ ဌာနအလိုက် ဆောင်ရွက်နေသကဲ့သို့ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ စေတနာရှင်ကုသိုလ်ရှင်များက စားရေရိက္ခာများ၊ အဝတ်အထည်များ သွားရောက်လှူဒါန်းပေးလျက်ရှိရာ စက်တင်ဘာ ၁၇ ရက်က မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းမိသားစုများနှင့် သမဝါယမအသင်းများစုပေါင်းကာ မောင်းမဆည်ကျေးရွာ ရေဘေးသင့်ပြည်သူများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 19,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား အချိန်ကိုအကျိုးရှိ စွာအသုံးချတတ်လာစေရေးနှင့် ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့က ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။