ရေဦးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး စာရင်းကောက်၊ စာရင်းစစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရေဦး စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ စာရင်းကောက်၊ စာရင်းစစ် သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့‌ကြောင်း သိရကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်သန်းခါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမင်းသူရက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးခင်မောင်စိုးက သန်းခေါင်စာရင်းကောက်ယူရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြာကြားခဲ့သည်။

ထို့နောက်မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က သန်းခေါင်စာရင်း ကောက်ယူမည့် သင်တန်းသားများအား သင်တန်းနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှု များကို ရှင်းလင်းပြောကြားကာ အခြေခံပညာဦးစီးဌာနသို့ သန်းခေါင်စာရင်းကောက်ယူရေး ခန့်အပ်လွှာများပေးအပ်ခဲ့ကြောင်းသိရသည်။

ယင်းနောက် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌက သင်တန်းသားများအား လှည့်လည်နှုတ်ဆက်အားပေးစကားများပြောကြားပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုရမည့်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရေဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရနှင့်အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့်အဖွဲ့၀င်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

သန်းသန်း(ရေဦး)