အမြို့မြို့အနယ်နယ်သတင်းများ

Sep 19,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်များသို့ ရေကြီးရေလျှံမှုဖြစ်ပွားကာ ယာယီရေဘေးရှောင်ပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီက အဝတ်အထည်နှင့် ရေသန့်ဘူးများ ထောက်ပံ့ပေးခဲ့သည်။
Sep 19,2024
တနင်္သာရီတိုင်းဒေသကြီး၊‌‌ ကော့‌သောင်းခရိုင်၊ခ‌မောက်ကြီးမြို့တွင် ရေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အသိပညာပေးနှိုးဆော်ချက်များ လိုက်လံဆော်ဩခြင်းကို ယနေ့နံနက်ပိုင်းက ခမောက်ကြီးမြို့၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်အတွင်း လမ်းဆုံများတွင် ဆောင်ရွက်ခဲ့သည်။
Sep 19,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် ပဲစင်းငုံ သီးညှပ်သီးသန့်များ သတ်မှတ်လျာထားချက်ထက် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
Sep 19,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုရုံးနှင့် ရေဘေးရှောင်စခန်းများသို့ အနုပညာရှင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် အလှူရှင်များက ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်းသည်။
Sep 19,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသီနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးလင်းထွန်းတို့ ဦးဆောင်သည့်အဖွဲ့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ (၃)နာရီက ရေကြီး ဝင်ရောက်ခဲ့သည့် ကျေးရွာများသို့ ကွင်းဆင်၍ ရေဘေးသင့် ပြည်သူများအား ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 19,2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သိန်တန်းရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ ဦးဆောင်၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။