ကျောက်ဆည် စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသီနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးလင်းထွန်းတို့ ဦးဆောင်သည့်အဖွဲ့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ (၃)နာရီက ရေကြီး ဝင်ရောက်ခဲ့သည့် ကျေးရွာများသို့ ကွင်းဆင်၍ ရေဘေးသင့် ပြည်သူများအား ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ရေဘေးသင့်ပြည်သူတစ်ဦးလျှင် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ၊ (၂၁၀၀) ကျပ်နှုန်းဖြင့် ကြောင်ပန်ကုန်းကျေးရွာအုပ်စုမှ ပြည်သူ(၁၀၄၅)ဦးအား ငွေ(၂၁၉၄၅၀၀)ကျပ် ကိုလည်းကြောင်း၊ ဒွေးလှကျေးရွာအုပ်စုမှ ပြည်သူ (၈၇၆)ဦးအား ငွေ(၁၈၉၃၆၀၀)ကျပ်ကို လည်းကောင်း၊ ရှားပင်ကျေးရွာအုပ်စုမှ ပြည်သူ (၁၆၄၆)ဦးအား ငွေ(၃၄၅၆၆၀၀)ကျပ်ကိုလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)