အမြို့မြို့အနယ်နယ်သတင်းများ

Sep 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး မြို့နယ်အဆင့်စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပြုလုပ်သည်။
Sep 19,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သီးနှံမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တစ်ပိုင်တစ်နိုင် အာစီယံသပြေပန်း စိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။
Sep 19,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ(၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းအောင်မြင်စွာကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ(၁၇)ရက် နံနက်(၉) နာရီက ခေါင်လန်ဖူးမြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Sep 19,2024
မြန်မာအမျိုးသားလေကြောင်း(MNA)အနေဖြင့် ရေဘေးသင့်ပြည်သူများထံသို့ ကူညီထောက်ပံ့လှူဒါန်းထားသော ကယ်ဆယ်ရေးပစ္စည်းနှင့် ဆေးဝါးများကို ပြည်တွင်း ၊ ပြည်ပ လေယာဉ်ခရီးစဉ်များဖြင့် အခမဲ့သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
Sep 19,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီက ပေါက်ခေါင်းမြို့နယ် အ.ထ.က(ပေါက်ခေါင်း)ရွှေရတုခန်းမ၌ ကျင်းပသည်။
Sep 19,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့ ညနေ ၅ နာရီခွဲက ခရိုင်နှင့် မြို့နယ်သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တို့၏ အရေးပေါ်အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
Sep 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် စက်တင်ဘာလ ၁၇ ရက်နေ့ နေ့လယ်(၂)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Sep 19,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်တွင် မိဘပြည်သူများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူရေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။