အမြို့မြို့အနယ်နယ်သတင်းများ

Sep 22,2024
တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖ စေတနာအလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
Sep 22,2024
နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာ လှပမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကလေးဆေးရုံ ပရဝုဏ်အတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊  အမှိုက်များအား  မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင် အင်အား (၁၅၀) ဦးဖြင့်  စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။ 
Sep 21,2024
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်က သီရိမင်္ဂလာတောင်ကွဲစေတီတော်မြတ်သို့ ရောက်ရှိကာ စေတီတော်ပုရိဝုဏ်တဝိုက် လှည့်လည်ကြည့်ရှုပြီး ဝန်ကြီးချုပ်က “ယခုနှစ်ပွင့်လင်းရာသီမှစတင်ပြီး တောင်ကွဲစေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး၊ အာရုံခံတန်းဆောင်းများ၊ ဇရပ်များ၊ နားနေဆောင်များစသည်တို့ကို  ဘက်စုံပြုပြင်မွန်းမံရေး၊ ဓါတ်လှေကားအား မီးပျက်ပါက မီးစက်ဖြင့်အသုံးပြုနိုင်ရေး၊ တောင်ကွဲစေတီတော် တောင်တော်ပုရိဝုဏ်အား သန့်ရှင်းသာယာလှပရေး” စသည်တို့ဆောင်ရွက်နိုင်ရန် ကြည့်ရှုစစ်ဆေးပြီး ဘုရားဂေါပကအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများအား တွေ့ဆုံမှာကြားခဲ့သည်။ ဆက်လက်၍ မိုးကောင်းဘုရားကြီးနှင့် မနောမယရန်အေးငြိမ်းစေတီတော်သို့ ရောက်ရှိပြီး သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ဝန်ကြီးချုပ်က “လျောင်းတော်မူဘုရားကြီးအား သင်္ကန်းအသစ်ကပ်လှူရေးနှင့် ရုပ်ပွားတော်အား ရေဆေးမွမ်းမံပူဇော်ရေး၊ တန်းဆောင်းအားပြုပြင်မွမ်းမံရေး” ဆောင်ရွက်နိုင်ရန် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
Sep 21,2024
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်တွင်လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွား‌စေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်စေရန်၊လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်‌စေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်း ရည်များရင့်သန်လာစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉)  နာရီက မလွန်အခြေခံပညာအထက်တန်းကျောင်း မြဧရာခန်းမ၌ ကျင်းပခဲ့သည်။
Sep 21,2024
ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ချင်းမြောင်)၌ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ကူညီပံ့ပိုးမှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး " ဆေးလိပ်နှင့် ဆေးရွက်ကြီး လွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ် တို့လူငယ်"ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက​ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
Sep 21,2024
ပြည်​ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည့် အခြေခံပညာကျောင်းများ  ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စက်တင်ဘာ ၁၉ရက်မှစတင်၍ သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိသည်။