အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စုရှိ အ-လ-က (ရေကျော်) စာသင်ကျောင်းတွင် ယနေနေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
Sep 21,2024
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် နာရေးကူညီမှုအသင်း သဘာဝဘေးကူညီကယ်ဆယ်ရေးအဖွဲ့မှ ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ရေဘေးသင့်ပြည်သူအိမ်ထောင်စု (၇၀၀) အတွက် အလှူငွေ၊ အာဟာရ၊ ထောက်ပံ့ပစ္စည်းဆေးဝါးများကို သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
Sep 21,2024
ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပူတာအိုမြို့၌ရောက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၈ နာရီက မချမ်းဘော မြို့နယ်သို့ သွား‌ရောက်ခဲ့ကြပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Sep 21,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့မှ (၁၈) ရက်နေ့အထိ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများနှင့် ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည့် ရေဘေးသင့်အိမ်ထောင်စုဝင်များအနက်မှ အိမ်ထောင်စု (၂၁၄) စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ‌ ထောက်ပံ့ပစ္စည်းထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲက တောင်ရပ်ကွက်၊ ရုံးရပ်တောင်ပိုင်းရပ်ကွက်၊ ညောင်ပင်သာအရှေ့ကျေးရွာ၊ ညောင်ပင်သာအနောက်ကျေးရွာ၊ မလွန်ကျေးရွာ၊ ပေတော(ကန္နား)ကျေးရွာများတွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့သည်။
Sep 21,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် နမ့်စန်မြို့တွင်း ဖြတ်သန်းစီးဆင်းနေသော နမ့်လတ်ချောင်းရေလျှံကာ စက်တင် ဘာ ၁၁ ရက်နေ့၌ အမှတ်(၁)ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်နှင့်အမှတ်(၄)ရပ်ကွက်တို့ရှိ လူနေအိမ်များရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။
Sep 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာဘလ (၁၉) ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲပြသခြင်းကို မိုင်းစံမြို့ ဝမ်လီ(မူလွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 21,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်‎နေ့မှ ၁၂ ရက်နေ့အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရေနှစ်မြုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းမှစ၍ အဆိုပါစာသင်ကျောင်းပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။
Sep 21,2024
 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း၌ မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေ၊ မြစ်ရေများလျှံတက်၍ လူနေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့်ရေဘေး ကယ်ဆယ်ရေးစခန်းများကို ဘုန်းတော်ကြီးကျောင်းအသီးသီးတွင် ဖွင့်လှစ်ထားရာသို့ အလှူရှင်များလာရောက်လှူဒါန်းရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် စိစစ်ကွပ်ကဲလမ်းညွှန်မှုပေးနိုင်ရန် ကွပ်ကဲမှုရုံးကိုယနေ့နံနက်(၉)နာရီအချိန်က စည်ပင်သာယာမြို့တော်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။