လပွတ္တာမြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ် ကျဆင်းစေရေးအတွက် ကြက်ဥ၊ ဘဲဥများ‌ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ

လပွတ္တာ ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေးအတွက် ကြက်ဥ၊ ဘဲဥများ‌ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို နိုဝင်ဘာလ (၂၉) ရက်နေ့ နံနက်ပိုင်းက အမှတ် (၅) ရပ်ကွက်ရှိ နန္ဒဝင်ဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံစားသောက်ကုန်စည်များဖြစ်သည့် ဘဲဥတစ်လုံး (၅၀၀)ကျပ်ဖြင့် (၇၀၀)လုံး၊ ကြက်ဥတစ်လုံး (၄၀၀)ကျပ်ဖြင့် (၁၀၀၀)လုံးတို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စျေးရောင်းချခြင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်အဖွဲ့ဝင်များ တာ၀န်ရှိသူများက လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မူမူ(ပြန်/ဆက်)