ပေါင်းတည် ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှဆောင်းသီးနှံ စိုက်စွမ်းအားနှင့် သီးထပ်စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများအား စိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ယနေ့အထိ မြို့နယ်အတွင်းရှိကျေးရွာအုပ်စု ၁၄ အုပ်စုမှတောင်သူ ၁၄၈၄ ဦး၏ ဆောင်းသီးနှံ ၈၄၃၈ ဧကစိုက်ပျိုးထုတ်လုပ်ရန် ငွေကျပ် ၈၄၃ သန်းကို ထုတ်ချေးထားပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသောကျေးရွာအုပ်စု ၇ အုပ်စုမှ တောင်သူ ၁၀၄၉ ဦး၏ ဆောင်းသီးနှံ ၅၃၈၁ ဧကအတွက် ငွေကျပ် ၅၃ ၈ဒဿမ ၁ သန်းကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ရွှေသား(ပြန်/ဆက်)