လွိုင်လင် ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃ - ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သဘာပတိ ဦးခင်မောင်ကြည်၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှတို့က အသီးသီးအမှာစကား ပြောကြားခဲ့ကြသည်။
ထို့နောက် ဒါရိုက်တာအဖွဲ့၏ (၂၀၂၃-၂၀၂၄)ခုနှစ်အတွက် လုပ်ငန်းအစီရင်ခံစာ၊ စာရင်းစစ်အဖွဲ့၏ ဘဏ္ဍာရေးရှင်းတမ်းများကို တာဝန်ရှိသူများမှ ဖတ်ကြားခြင်း၊ အသင်းသားများမှ အကြံပြုဆွေးနွေးခြင်း၊ အတည်ပြုချက်ရယူခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ကြပြီးနောက် အသင်းဝင်အသင်းသားများသို့ အစုပေါ်အမြတ်ငွေကို မြို့နယ်ဦးစီးမှူးမှ ပေးအပ်ပြီးနောက် သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသူများ၊ အသင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လွိုင်လင်မိုး