ပင်လုံမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

ပင်လုံ ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိမြတ်နိုးသူက လွတ်လပ်ရေးဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ရရှိပြီးလွတ်လပ်ရေးရေရှည်တည်တံခိုင်မြဲအောင် ထိန်းသိမ်းတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများလေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကို ဟောပြောခဲ့ပါသည်။ မြို့တိုင်းရင်းဆေးမှူး ဒေါ်စကားဝါက တိုင်းရင်းဆေးပညာရပ်အကြောင်း၊ ဆောင်းရာသီတွင်ဖြစ်တတ်သောရောဂါ(၃)မျိုး ကာကွယ်နည်း/ကုသနည်းများ၊ စားသုံးသင့်သည့်အစားအစာများ၊ ဆောင်ထားသင့်သည့် မိရိုးဖလာဆေးအ​ကြောင်းများကို ဟောပြောပေးခဲ့ပါသည်။ ထို့နောက် ပင်လုံနယ်မြေမီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးရဲအောင်က မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပေးခဲ့ပြီး​နောက် ပင်လုံနယ်​​မြေစခန်းမှူး ရဲအုပ်တင်မိုးလှိုင်က မူးယစ်ဆေးဝါးအန္တရာယ်အ​​ကြောင်း၊ ဥပဒေများပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

ဆက်လက်၍ လွတ်လပ်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်နံရံကပ်စာစောင်များ၊ မြို့နယ်လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများပြသဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူလေးများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)