အမြို့မြို့အနယ်နယ်သတင်းများ

Dec 11,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ (၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်၍ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအဖွဲ့ခွဲအမှတ်(၁၂၇)ရှိ ယောဂီသူတော်စင်များအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို  ယမန်နေ့ ညနေ(၃)နာရီ အချိန်ကဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Dec 11,2024
ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ နယ်လှည့်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၇)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Dec 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဒေသခံပြည်သူများနှင့် ခရီးသွားလာပြည်သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး (191) စတေကာများကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မြို့ကွက်သစ်ရပ်ကွက် အကွက်အမှတ် -၂ စိုက်ဧက-၁၀.၀၀ ၏ သောင်ထွန်းမြေတွင် ယမန်နေ့နံနက် ၈ နာရီအချိန်က ဆင်းရွှေကြာ(၂) နေကြာမျိုးသန့်ပွား မျိုးစေ့ချစိုက်ပျိုးခဲ့ကြောင်း သိရသည်။
Dec 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက်က ပူးပေါင်းအဖွဲ့များမှ  မြို့နယ်ပေါ်ရပ်ကွက်များ၊ မြို့မဈေးလမ်းဆုံနှင့်မြို့ အဝင်အထွက်ဂိတ်တို့တွင် မီးဘေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ 191 Sticker များ ကပ်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 11,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ၊ ဝါသနာတူလူငယ်များအသင်း (Youth Club) တို့ပူးပေါင်းပြီး စာရေးဆရာထိန်လင်းရေးသားထားသည့် “ခေါင်းဆောင်ကောင်းတို့၏ စီမံခန့်ခွဲမှုအတတ်ပညာ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
Dec 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်လင်းထွန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက လူစည်ကားရာ နေရာများဖြစ်သည့် ထားဝယ်မြို့မစျေးကြီးနှင့် ကမ်းနားစျေးဦ ဆိပ်ကမ်းသာလမ်းတို့တွင် ဈေးသူ/ဈေးသားများ၊ ခရီးသွားလာပြည်သူများနှင့် ဒေသခံပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ယမန်နေ့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 11,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ (အ.လ.က) ချည်မျှင်ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။