အမြို့မြို့အနယ်နယ်သတင်းများ

Dec 11,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားစေရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီက အ.ထ.က (ကွေ့ဝမ်း)ကျောင်း၌ ကျင်းပသည်။
Dec 11,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်​ရေးအတွက် ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ပငကျေးရွာရှိ ပင​စျေးအား သွား​ရောက်စစ်​ဆေးခဲ့ကြသည်။
Dec 11,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ပေါက်ချောင်းအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Dec 11,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လယ်ယားတောင်ကျေးရွာအုပ်စု၊ တောင်ခြေကျေးရွာရှိ ကျေးရွာစာကြည့်တိုက်အသစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် လက်ပံပင်ကျေးရွာ အုပ်စု၊ ဝါးရုံကုန်းရွာသစ် (ပြည်တော်သာ)ကျေးရွာ၊ လင်းရောင်ခြည် စာကြည့်တိုက်(အဟောင်း) ပြုပြင်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Dec 11,2024
နိုင်ငံ၏အနာဂတ်ကိုဖန်တီးတည်ဆောက်ကြမည့် လူငယ်များစာရိတ္တကောင်းမွန်ပြီး အရည်အချင်း ပြည့်ဝစေရန်၊ ပညာနှင့်ကိုယ်ကျင့်တရားကောင်းမွန်စေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ခွဲ)ထန်းပင်ကုန်ကျောင်းနှင့် အ.မ.က(ရှမ်းတော)ကျောင်းများသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
Dec 11,2024
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍတိုးတက်စေရန်နှင့် လျာထားချက် ပြည့်မီကျော်လွန်စေရေးအတွက် (အဓိကသီးနှံ- ၁၀ မျိုး)ကို မျှော်မှန်းချက်ပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၄) ကို ယမန်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Dec 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် (191) စတေကာများ ကပ်ခြင်းကို ယမန်​နေ့ နံနက် ၇ နာရီအချိန်က မြိတ်မြို့ရှိ လူစည်ကားရာဈေးများ၊ ကားဂိတ်များနှင့် ဆိုင်ကယ်ဂိတ်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။