ဘိုကလေး ဇွန်၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စု၊ စက်ဆန်းကျေးရွာ အမှတ်(၄)ရပ်ကွက်တွင် ကျေးရွာမီးလင်းရေးအတွက် Mandalay Yoma Energy ကုမ္ပဏီမှ တပ်ဆင်ထားသော (၂၄)ပေ×(၁၂)ပေ အကျယ်အဝန်းရှိ ဆိုလာမီနီဂရစ် ဘက်ထရီသိုလှောင်ရုံ ယမန်နေ့နံနက် (၉)နာရီ (၄၂)မိနစ်အချိန်၌ အပူလွန်ကဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။
မီးလောင်မှုသတင်းအရ စက်ဆန်းနယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးဇော်မျိုးထက်နှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ယာဉ်ဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့ရာ နံနက်(၁၀)နာရီ အချိန်၌ မီးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် ဘက်ထရီ (၅၄)လုံးနှင့် (၁၀၀)KW အင်ဗာတာ (၁)လုံး ဆုံးရှုံးခဲ့ကြောင်း၊ လူနှင့် တိရိစ္ဆာန်တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)