မိုင်းရယ်မြို့နယ် နားဖျိုင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားနှင့် UID ထုတ်ပေး

မိုင်းရယ် ဇွန် ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက နားဖျိုင်း ကျေးရွာအုပ်စု၊ နားဖျိုင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်သည်။

မိုင်းရယ်မြို့နယ် လဝကရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင် ဦးဆောင်သည့် ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် နားဖျိုင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် UID ကောက်ယူခြင်းများကို နေ့ချင်းပြီး ဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)