ဓနုဖြူ ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့ ဇွန်လ ၉ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ရေတွင်းကုန်းကျေးရွာအုပ်စု၊ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီးအတွင်းရှိ သီလပေးတန်ဆောင်း၌ ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဝင်းက Online လိမ်လည်မှုများမဖြစ်ပေါ်စေရေး အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဌေးက မှုခင်းကျဆင်းရေး၊ လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုများမဖြစ်ပေါ်စေရေး ပြည်သူများအားအသိပညာပေးဟောပြောခဲ့သည်။ ၎င်းနောက် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်နိုင်ဦးမှ မူးယစ်ဆေးဝါးနှင့်ပက်သက်၍ အသိပညာပေးဟောပြောပြီး၊ မြို့နယ်ယာဥ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဖြိုးအောင်က ယာဉ်စည်းကမ်း/လမ်းစည်းကမ်းနှင့် ပက်သက်၍ အသိပညာပေးဟောပြောကာ မှုခင်းကျဆင်းရေးလက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရပ်ကွက်အတွင်းရှိရပ်မိရပ်ဖများနှင့်ပြည်သူများ စုစုပေါင်း(၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)