အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2024
မြို့နယ်အတွင်း စိမ်းလန်းစိုပြေရေး ရာသီဥတု ကောင်းမွန်ရေး ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲ၌ ပျိုးပင် ၃၀၀ပင်ကို (၅၆/၇၀)ရပ်ကွက် လှော်ကားလမ်းမကြီး (ဝဲ/ယာ)၊ အနော်ရထာလမ်းနှင့် ချမ်းမြသာစည်လမ်းကြား စိုက်ကွင်းတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ပြည်သူများ ပါဝင်ကာ ယနေ့ နံနက် ၇ နာရီက စု‌ ပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။
Jun 23,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွါးသေဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ယမန်နေ့က အခြေခံပညာကျောင်းများတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 23,2024
သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက် တည်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြေရေးကို အထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီ ၃၀ က ဝါးနက်ချောင်းကျေးရွာ၊ ချမ်းမြသာယာဘုန်းကြီးကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။
Jun 23,2024
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး ရာနှုန်းပြည့်ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဝန်ထမ်းအိမ်ရာများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
Jun 23,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် သစ်တောသစ်ပင်များဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဒေသတွင်း အပူချိန် လျော့ကျလာစေရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်ရေးတို့အတွက် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက အမှတ် (၁၅) ရပ်ကွက် ချင်တောင်မတောင်၌  ချင်တောင်မ တောင်ဆရာတော် အမှူးထား၍ ရန်ကုန်မြို့ ရာသက်ပန်ကုမ္ပဏီမှ သစ်ပင်(၅၀၀၀)ပင် ပေးအပ်လှူဒါန်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။   
Jun 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍  နဝမအကြိမ်မြောက် မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီက ကျုံကနန်ကျေးရွာအုပ်စု၊ ကျုံကနန်ချောင်းဝကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကလေးမြို့ ဘိုးဘွားရိပ်သာကော်မတီဝင်များ၊ ဘိုးဘွားများနှင့် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။