ပေါက်ခေါင်း ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွါးသေဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ယမန်နေ့က အခြေခံပညာကျောင်းများတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဆောင်ရွက်ရာတွင် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးမြတ်၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ ပူးပေါင်းပါဝင်ပြီး၊ အခြေခံပညာကျောင်းများရှိ ရေစည်၊ ရေအိုးဘုရားပန်းအိုး၊ ပုံးခွံများတွင် ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်းနှင့် အဘိတ်တ်ဆေးခတ်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)