Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
၂ဝ၂၄ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားများ ရရှိခဲ့သော အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး တိုက်ကွမ်ဒိုအားကစားအ…
Jun 23,2024
၂ဝ၂၄ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားများ ရရှိခဲ့သော အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး တိုက်ကွမ်ဒိုအားကစားအဖွဲ့အား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၃) နာရီက ရန်ကုန်တိုင်းဒေသကြီး၊တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ထမ်းအိမ်ရာဝန်းအတွင်း စိန်တလုံးသရက်ပင်များ စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
Jun 23,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ထမ်းအိမ်ရာဝန်းအတွင်း စိန်တလုံးသရက်ပင်များ စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါရုံးဝန်းအတွင်း ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျောင်းသား/ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ…
Jun 23,2024
ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပရာ အားကစားခန်းမအတွင်း ခင်းကျင်းပြသသော လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ စာအုပ်စာစောင်ပြခန်း၊ ခါးလှည့်ကွင်း အားကစားနည်းနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများတွင် ပုသိမ်မြို့ရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာကြပြီး ပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကျောက်မီးသွေးတူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများလျာထားချက်အပြည့် ထုတ်လုပ်ရေး/သယ်ယူရေးအတွက် လုပ်ငန…
Jun 23,2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျောက်မီးသွေးတူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများလျာထားချက်အပြည့် ထုတ်လုပ်ရေး/သယ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ကုမ္ပဏီများမှ လုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 23,2024
၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ကျင်းပပြုလုပ်လျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းကလည်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ကျောင်းကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းလှူဒါန်းခြင်းအခမ်းအနား ကျင်းပ
Jun 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တောင်ဥက္ကလာပမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းလှူဒါန်းခြင်းအခမ်းအနားကို ဇွန်လ၂၁ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်မွန်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ အမှတ်(၁၅၉) အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်င…
Jun 23,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဉပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် ဇွန်လ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ အမှတ်(၁၅၉)အခြေခံပညာမူလတန်းကျောင်း၌ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသားမိဘများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၃/၂၀၂၄) သင်တန်းတက်ရောက်မည့် သင်တန်းသားများအား ကြိုဆိုနှုတ်ဆက်ပွဲပြုလုပ်
Jun 23,2024
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၃/၂၀၂၄) သင်တန်းတက်ရောက်မည့် သင်တန်းသားများအား ကြိုဆိုနှုတ်ဆက်ပွဲကို ယမန်နေ့နံနက်၁၁နာရီအချိန်က အမှတ်(၄) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4688
Page
4689
Page
4690
Page
4691
Current page
4692
Page
4693
Page
4694
Page
4695
Page
4696
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department