ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် မိုးရာသီ စု‌ပေါင်းသစ်ပင်ပွဲ၌ ပျိုးပင် ၃၀၀ စုပေါင်းစိုက်ပျိုး

ဒဂုံတောင် ဇွန် ၂၃

မြို့နယ်အတွင်း စိမ်းလန်းစိုပြေရေး ရာသီဥတု ကောင်းမွန်ရေး ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲ၌ ပျိုးပင် ၃၀၀ပင်ကို (၅၆/၇၀)ရပ်ကွက် လှော်ကားလမ်းမကြီး (ဝဲ/ယာ)၊ အနော်ရထာလမ်းနှင့် ချမ်းမြသာစည်လမ်းကြား စိုက်ကွင်းတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ပြည်သူများ ပါဝင်ကာ ယနေ့ နံနက် ၇ နာရီက စု‌ ပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ ပရဟိတပြည်သူများ စုစုပေါင်းအင်အား (၃၀၀) တို့က ခရေပင် (၁၀၀)ပင်၊ မန်ဂျန်ရှားပင် (၂၀၀)ပင်၊ စုစုပေါင်း ပျိုးပင် (၃၀၀)ပင်ကို  စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

ထိုသို့ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကို၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ ခရိုင်မှူး (ပန်းဥယျဉ်)တို့က ကြည့်ရှုအားပေးကာ ကိုယ်တိုင်ပါဝင်စိုက်ပျိုးပေးကြောင်း သတင်းရသည်။

သန်းသန်းအေး