ရွှေတောင်မြို့နယ်တွင် ဆန်များသက်သာသောစျေးနှုန်းဖြင့် ရောင်းချရေး မြို့နယ်ဆန်လုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်ဆန်စပါးကုန်သည်များအသင်းတို့ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရွှေတောင် ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ယမန်နေ့ နေ့လယ်ပိုင်းက သက်သာသောစျေးနှုန်းဖြင့် ဆန်ရောင်းချရေး မြို့နယ်ဆန်လုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်ဆန်စပါးကုန်သည်များအသင်းတို့ ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးက မြို့နယ် ဆန်လုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်ဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းဆောင်ရွက်၍ စားသုံးသူပြည်သူများအတွက် သက်သာသောစျေးနှုန်းဖြင့် ဆန်ရောင်းချပေးနိုင်ရေး ဧည့်မထဆန် (၁၅ ရာခိုင်နှုန်း)  တစ်ပြည်လျှင်(၃၀၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် နှစ်ပြည်ရောင်းချပေးနိုင်ရေး၊ အရည်အသွေးကောင်းမွန်သော ဆန်များကို ပစ္စည်းမှန် အလေးချိန်မှန်စွာဖြင့် ရောင်းချပေးနိုင်ရေးတို့အား  မြို့ပေါ်ရှိ ဆန်စက်ပိုင်ရှင်(၁၅) ဦး၊ ရပ်ကွက် (၃) ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆွေးနွေးခဲ့ကြပြီး (၂၅ - ၆ - ၂၀၂၄) ရက်နေ့မှစတင်၍ ဆန်စက်(၁၃)လုံးတို့က တနင်္ဂနွေနေ့မှအပ ကျန်(၆) ရက်တွင် နံနက်(၈း၀၀) နာရီမှ(၁၁း၀၀) နာရီ အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)