မိုးကုတ် ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့နယ်၊ အသက် (၁၈)နှစ်နှင့်အထက် (စတုတ္ထအကြိမ်မူကြမ်း) စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာရင်းစစ်ဆေးခြင်းကို မိုးကုတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရုံးဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံးမှ ရုံးဝန်ထမ်းများနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရုံးဝန်ထမ်းများ ပူးပေါင်း၍ ဩဂုတ်လအတွင်း ဆောင်ရွက်ရမည့် အသက်(၁၈)နှစ်နှင့်အထက် (စတုတ္ထအကြိမ်မူကြမ်း) စာရင်းများစစ်ဆေးခြင်း၊ အချက်အလက်မပြည့်စုံမှု၊ မှားယွင်းမှုမပါရှိစေရေးနှင့် မပါဝင်သင့်သူများ မပါရှိစေရေးတို့ကို ကြိုတင်စီစစ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ဇင်မင်းမောင်(ပြန်/ဆက်)