Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တံတားဦးမြို့နယ်တွင် ရေဘေးရှောင်ပြည်သူများထံသို့ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်
Jul 12,2024
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေတို့ ဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွေ့နေထိုင်ကြသည့် ပြည်သူများထံသို့ မန္တလေးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ် စာရေးဆရာအသင်း နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေး ကျင်းပ
Jul 12,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် စာရေးဆရာအသင်း နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့၌ ရေဘေးကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက…
Jul 12,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းက ဟင်္သာတမြို့၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီး ဖြတ်တာ(၁-ဂ)ရှိ ရေဘေးကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်မြို့၌ ရေဘေးဒုက္ခသည်စခန်းများသို့ စာသောက်ကုန်ပစ္စည်းများနှင့် Family Kit များ ထောက်ပံ့ပေးအပ်
Jul 12,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ချင်းတွင်းမြစ်ရေလျှံတက်မှုကြောင့် လူနေအိမ်အများအပြားနစ်မြုပ်၍ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိလာကြသော ရေဘေးဒုက္ခသည် များကို စာသောက်ကုန်ပစ္စည်းများနှင့် Family Kitများ ထောက်ပံ့ပေးခြင်းကို ဇူလှိုင်လ ၁၀ ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြသည်၊၊
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်
Jul 12,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်ပြီး ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံအတွင်း သန့်ရှင်…
Jul 12,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၏ ၂၀၂၄ ခုနှစ်၊ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံဝင်းတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာသန်းနိုင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ ခုတင်(၅၀) ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင်မြထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့တွင် (၂၅)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကဗျာလွတ်အကပြိုင်ပွဲကျင်းပ
Jul 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် (၂၅) ကြိမ်မြောက် ပုသိမ်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့် ကဗျာလွတ်အက မြို့နယ်အဆင့်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြေစိုက်ပိုစတာစိုက်ထူပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Jul 12,2024
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့”ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး (၁၀ပေ-၆ပေ)မြေစိုက်ပိုစတာကို ယနေ့နံနက် ၈ နာရီအချိန်က လူအသွားအလာများသည့် တနင်္သာရီတံတားအနီးနေရာ၌ မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ စုပေါင်းစိုက်ထူပေးကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4486
Page
4487
Page
4488
Page
4489
Current page
4490
Page
4491
Page
4492
Page
4493
Page
4494
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department