မဟာအောင်မြေမြို့နယ် စာရေးဆရာအသင်း နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

မဟာအောင်မြေ ဇူလိုင် ၁၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် စာရေးဆရာအသင်း နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ် စာရေးဆရာအသင်း နာယကဒေါက်တာမိတ်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမကြီး ဒေါ်ခင်ခင်ဝင်းက မြို့နယ်အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် မြန်မာနိုင်ငံစာ‌ရေးဆရာအသင်း (ဗဟို)မှ ပေးပို့သော ညွှန်ကြားလွှာအား ဖတ်ကြားရှင်းလင်းခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း၏ လစ်လပ်လျက်ရှိသည့် အမှုဆောင်နေရာများ ဖြည့်စွက်ရန်နှင့်ယခင်နှစ် အလုပ်အမှု ဆောင်အစည်းအဝေး ဆွေးနွေးချက်များအား တင်ပြခဲ့ကာ စာရေးဆရာအသင်းဝင်များ၏ သားသမီးများအနက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်ဘာသာနှင့်အထက် ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသား/သူများအား ဩဂုတ်လတွင် ကျင်းပမည့် တတိယအကြိမ်မြောက် မြန်မာနိုင်ငံစာ‌ရေးဆရာအသင်းဗဟိုအစည်းအဝေးတွင် ဆုများအသီးသီးချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော စာရေးဆရာကြီး၊ ဆရာမကြီးများက မြို့နယ်စာရေး ဆရာအသင်း၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် အကြံပြုဖြည့်စွက်ဆွေးနွေးရာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း (ပြန်/ဆက်)