အမြို့မြို့အနယ်နယ်သတင်းများ

Jul 12,2024
ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အ.လ.က(၃)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များ ပိုမိုသိရှိလာစေရန်နှင့် အာဇာနည်နေ့ကို အစဥ်အမြဲသတိရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
Jul 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နှင့် လူမှုအသင်းအဖွဲ့များပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့မရပ်ကွက်ရှိ နန်းဦးဆိပ်ကမ်းတွင် သဘာဝဘေးအန္တရာယ် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးကြသည်။
Jul 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် နေ့ထူးနေ့မြတ်များကို တန်ဖိုးထားမမေ့အပ်စေရန် ရည်ရွယ်၍  အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များပြသခြင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
Jul 12,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အောက်ဝေါကျေးရွာတွင် ကျင်းပခဲ့သည်။
Jul 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ဝမ်ဖွီး)တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့​ပါသည်။
Jul 12,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ဆက်လက်မြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် ရပ်ကွက်များရှိ ရေဘေးသင့် အိမ်ထောင်စုများအား အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ယမန်နေ့နံနက် ၇ နာရီအချိန်မှစ၍ ညနေ ၄ နာရီအချိန်အထိ ငါန်းဇွန်မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဇင်သန့် ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦးတို့က မြစ်ရေဝင်ရောက်သည့် နေအိမ်များအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။