Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွ…
Jul 12,2024
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယမြောက်နေ့ကို ယမန်နေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး ၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများ
Jul 12,2024
စာပေမြင့်မှ လူမျိုးတင့်မည်ဟူသည့်အတိုင်း ကျောင်းသားလူငယ်များစာအုပ်စာပေတွင် နှစ်သက်မွေ့လျော်ကာ စာပေဗဟုသုတဖြင့် ပြည့်စုံသူများဖြစ်လာစေရန်အတွက် မွန်ပြည်နယ်၊ သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်များ၊ ပရဟိတအသင်းများမှ ရေဝင်ရောက်နေသည့် အိမ်များမှ ပစ္စည်းများကူညီပြောင်းရွှေ့ပေး
Jul 12,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယနေ့နံနက် ၉ နာရီအချိန်က ပစ္စည်းများ ကူညီပြောင်းရွှေ့ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော
Jul 12,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်၌ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပွားရေးတို့အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် အခြေခံပညာဦးစီးဌာနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သွေးလွန်တုပ်ကွေးတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေနံနက်(၁၀) နာရီက တံတားဦးမြို့ သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျွန်းရွှေဝါခန်းမတွင် ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၌(၇၇)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jul 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွား
Jul 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် လွန်ဆေးမြိုင် ပန်းခြံမြောက်ဘက် ပြည်ခိုင်ဖြိုးရုံးအနီး ပေ (၂၀)ခန့်အကွာ၊ ဆည်မြောင်းစွန့်ပစ်ရေကာတာမှ (၅)ပေခန့်အကွာ၌ ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Geotextile ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ထားသည့်နေရာတွင် ယနေ့နေ့လယ်က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အလျား ၁၅ ပေ၊ အနံ ၃ ပေ ခန့် ကမ်းပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မျိုးစေ့ချကိရိယာနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်
Jul 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မျိုးစေ့ထုတ်နှင့် စံပြကွက်လုပ်ငန်းများအတွက် မျိုးစေ့ချကိရိယာနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့ရာ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်က မျိုးစေ့ချကိရိယာနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် မငေးကလေးကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်ပေးနိုင်ရေးနှင့်(Biometric Data)များ ကောက်ယူခြင်းလု…
Jul 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးနှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့က မငေးကလေးကျေးရွာအုပ်စု၊ မငေးကလေးကျေးရွာ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4485
Page
4486
Page
4487
Page
4488
Current page
4489
Page
4490
Page
4491
Page
4492
Page
4493
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department