အမြို့မြို့အနယ်နယ်သတင်းများ

Jul 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် အကျင့်စာရိတ္တကောင်းမွန် စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Jul 12,2024
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားသည်နှင့်အညီ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာစာကြည့်တိုက်များ၏ လိုအပ်ချက်များကို ဝိုင်းဝန်းညှိနှိုင်းပေါင်းစပ်ပေးနိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဝင် စာရေးဆရာ ကိုရွှေအောင်သင်းပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့  အောင်ချမ်းသာကျေးရွာအုပ်စုရှိ အင်သာကျေးရွာရှိ အလိမ္မာအင်္သာ စာကြည့်တိုက်၊ ညံညင်းသာကျေးရွာစာကြည့်တိုက်များသို့ သွားရောက်ကွင်းဆင်းကာ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများအပါအဝင် စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 12,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် သီးနှံများ ရောင်းချနိုင်ရန်အတွက် တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့(RFDA)၊ မြို့နယ်တောင်သူ အကျိုးဆောင်အသင်း (FFA) နှင့် မြင့်မြတ်တော်ဝင်သီးနှံရောင်းဝယ်ရေးကုမ္ပဏီတို့ပူးပေါင်းပြီး ဇူလိုင်လ (၁၅) ရက်နေ့တွင် ကံသာကြီးကျေးရွာ၌ တောင်သူ အစုအဖွဲ့များ စုပေါင်းပြီး နှမ်းသီးနှံ စုပေါင်းရောင်းချပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Jul 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ဗဟုသုတများတိုးပွားရေးရန်နှင့် လူတော်လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၉ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 12,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 12,2024
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်းများကို ဇူလိုင် ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ စုစုပေါင်း အခြေခံပညာကျောင်း ၁၇ ကျောင်းကို ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Jul 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အ.လ.က‌ လေးမျက်နှာကျောင်းနှင့် အ.ထ.က လေးမျက်နှာကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်ကြောင့် မလိုလားအပ်သောအကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာ ခရိုင်ဦးစီးမှူးက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။