လှည်းကူးမြို့နယ် မဇ္ဇိုမဂုဏ်ရည် မဟာစည်တောရ ရိပ်သာကျောင်းတိုက်တွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

လှည်းကူး ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မဇ္ဇိုမဂုဏ်ရည် မဟာစည်တောရရိပ်သာကျောင်းတိုက်ဝန်းအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်ရည်ရွယ်၍ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနက ကျင်းပသော ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီ ခွဲက ဆောင်ရွက်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးပြည့်ဖြိုးကျော်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဒေသနေပြည်သူများက ကျွန်း(၄၆၀)ပင်၊ မဟော်ဂနီ(၂၈၀)ပင်၊ ပျဥ်းကတိုး(၅၀)ပင်၊ ကံ့ကော်(၅၀)ပင်၊ ပိတောက်(၃၀)ပင်၊ မန်ဂျန်ရှား(၁၂၂၀)ပင် စုစုပေါင်း (၂၈၉၀)ပင် တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနက သိရှိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)