ကျောက်ဆည်မြို့နယ်တွင် တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေး

ကျောက်ဆည် ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိရှာ ယနေ့နံနက် ၁၀ နာရီအထိ ငွေ(၄၄၀၉.၀၀) ကျပ်သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုးရာသီစိုက်ပျိုးစရိတ်ချေးများ ထုတ်ချေးပေးရာတွင် ကျေးရွာအုပ်စု(၂၃)အုပ်စု စိုက်ပျိုးရေးတောင်သူ(၆၃၄)ဦးအား စပါး(၁)ဧကအတွက် ငွေ(၁၅၀၀၀၀)ကျပ်နှုန်းဖြင့် (၂၃၄၈)ဧက၊ ယာသီးနှံများအတွက် (၁)ဧကအတွက်ငွေ(၁၀၀၀၀)ကျပ်နှုန်းဖြင့် နှမ်းသီးနှံ(၁၂၁)ဧက၊ ပဲတီစိမ်းသီးနှံ(၃၇၇)ဧက၊ ချည်မျှင်ရှည်ဝါ (၃၈၉)ဧကအတွက် စိုက်ပျိုးစရိတ်အဖြင့် ငွေ(၄၄၀၉.၀၀)ကျပ်သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲမှသိရပြီး မိုးရာသီစိုက်ပျိုးစရိတ်အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ငွေကျပ်သိန်း (၂) သောင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)