ကရသူရိ ဇူလိုင် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ် စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးက အသက်(၁၈)နှစ် မပြည့်သေးသည့်ကလေးများအား အလုပ်ခိုင်းစေ၍ မရသေးကြောင်း၊ ကလေးအလုပ်သမားများအပေါ် ခိုင်းစေမှုကြောင့် အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှု/ပြစ်ဒဏ်များ၊ အဆိုး ရွားဆုံးခိုင်းစေခံရသည့် ကလေးသူငယ်ဆိုသည်မှာ၊ ကလေးအလုပ်သမားများအပေါ် ကာကွယ်ပေးသည့် ဥပဒေဆိုင်ရာသိကောင်းစရာများ၊ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်ဆောင်ရွက်နိုင်ရေးတို့ကို ဟောပြောသည်။
ထို့နောက် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အသိပညာပေးစာစောင်များ၊ ကလေးအလုပ်သမားသည် တရားမဝင်ပါ၊ ကလေးအလုပ်သမားဟူသည်အဘယ်နည်းစသည့် နံရံကပ်စာစောင်များပြသရာ ကျောင်သား/သူများ လေ့လာကြည့်ရှု့ခဲ့ကြောင်း သိရ သည်။
ကရသူရိ(ပြန်/ဆက်)