အထက်မင်းလှ ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင် ငွေလုံး၊ငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများလျာထားမည့် ဌာနဆိုင်ရာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းထွန်းအောင်က မင်းလှမြို့နယ်၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ငွေလုံး၊ငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဌာနဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများလျာထားမည့် ဌာနဆိုင်ရာများမှဌာနအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး လမ်းတံတားများတည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရေး လုပ်ငန်းအစီအမံများအား လျာထားတင်ပြရန် ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများကဌာနအလိုက် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်မည့် ကဏ္ဍတစ်ခုချင်းအလိုက် လျာထားချက်များကို တင်ပြဆောင်ရွက်ရန် ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)