မင်းလှမြို့နယ်မူလတန်းကြိုကျောင်း၌ ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်

အထက်မင်းလှ ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရေးအသင်းတို့ပူးပေါင်းပြီး မူလတန်းကြိုကျောင်းတွင် ဗီတာမင်အေနှင့်သံချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက မူလတန်းကြိုကျောင်း၌‌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများပူးပေါင်းအဖွဲ့မှ မူလတန်းကြိုကျောင်းမှကလေးငယ်(၆၁)ဦးအား သန်ချဆေးနှင့်သံဓာတ်အားတိုးဆေးတိုက်ကျွေးခြင်း ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ကျန်းမာ‌ရေးစစ်ဆေးပေးခြင်းများ‌ ဆောင်ရွက်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)