ရွှေဘိုမြို့၌ မီးဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ပေးအပ်

ရွှေဘို ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ မီးဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လည် ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင်  ရွှေဘိုမြို့ အမှတ် (၁၀) ရပ်ကွက်၊ နွားလေးကုန်းရပ်တွင် (၂၃.၁၂.၂၀၂၄) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုး ကျပ် (၃၃၆၀ဝိ/-) အိမ်ဆောက်ပစ္စည်းတန်ဖိုးအတွက် ငွေကျပ် (၂၀၀၀၀ဝိ/-) နှင့် သေဆုံးသူတစ်ဦးအတွက် ငွေကျပ် (၃၀၀၀၀ဝိ/-) စုစုပေါင်းကျပ် (၅၃၃၆၀ဝိ/-) (ကျပ်ငါးသိန်းသုံသောင်းသုံးထောင့်ခြောက်ရာတိတိ) ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရွှေဘိုခရိုင်ရုံးမှ ပေးအပ်ခဲ့ပြီး ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မီးဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီနှင့်ကြက်ဥများကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ရွှေဘိုခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် မီးလောင်ရာတွင် ပျက်စီးသွားသည့် အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်များကိုလည်း အခမဲ့ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရွှေဘိုခရိုင်(ပြန်/ဆက်)