မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဥ် (၁၊၂၊၃)/၂၀၂၄၏ သင်တန်းဆင်းပွဲကျင်းပ

သာကေတ ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ကြက်ခြေနီအသင်းခွဲက ကြီးမှူး၍ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဥ်(၁)၊ (၂)၊(၃)/၂၀၂၄ ၏ သင်တန်းဆင်းပွဲအား ၇/အနောက်ရပ်ကွက်ရှိ ဇိနမာရ်အောင်စေတီတော်ဘုရားဝင်း၌ ယမန်နေ့နံနက်(၉)နာရီခွဲအချိန်၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ ဝင်(၂)ဦးညွှန့်ဝေ၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဦးဇော်ဌေး၊ တိုင်းဒေသကြီးကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးထိန်လင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်မင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဦးဇော်ဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနာယက ဦးကျော်သူက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဒေါ်အေးထွေးမိုးက အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီး နိုဝင်ဘာလ(၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်း အမှတ်စဥ် (၁-၂-၃/၂၀၂၄) သင်တန်း ဆန်းစစ်ချက်တွင် ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများကို ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)