ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားဂေါက်ကလပ်၏ ကောက်သစ်စားပွဲနှင့် ခရစ္စမတ်ပွဲအထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား     ဒီဇင်ဘာ  ၃၀

မြစ်ကြီးနားဂေါက်ကလပ်က ကြီးမှူး၍ ကောက်သစ်စားပွဲနှင့် ခရစ္စမတ်ပွဲတော် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ  ၂၈ ရက် ညနေ ၅ နာရီတွင် မြစ်ကြီးနားဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ ဂေါက်သီးရိုက်ကစားသမားပေါင်း ၁၃၅ တို့က အသင်းပေါင်း (၂၅)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ဆုချီးမြှင့်ပွဲတွင် ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးယော်နန်က ကြိုဆိုနှုတ်ခွန်းဆက်စကားကို တင်ပြပြီး ဂေါက်သီးရိုက်ပြိုင်ပွဲဖြစ် မြောက်ရေးကော်မတီအဖွဲ့ဝင်များက အခမ်းအနား တက်ရောက်လာသူများအား ခရစ္စမတ်လက်ဆောင်များ ဂါဝရပြုပေးအပ်ချီးမြှင့်ခြင်းနှင့် ပြိုင်ပွဲများအလိုက် အထူးဆုရရှိသူများ၊ သက်ကြီးတန်း ဆုရရှိသူများနှင့် အမျိုးသမီးဆုရရှိသူများအား လည်းကောင်း၊ ငွေအဆင့်နှင့် ကြေးအဆင့်ရရှိသူများ အား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ရွှေအဆင့် အကြောမဲ့ဆုရရှိသူများအားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)