မိုင်းခတ် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ အမှတ်(၁)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဒေသခံတိုင်းရင်းသားပြည်သူများအား လာရောက်ဖျော်ဖြေပွဲကို ယမန်နေ့ ည ၇ နာရီအချိန်က စတင်၍ မြို့နယ်အားကစားခန်းမအတွင်း ကပြဖျော်ဖြေရာပွဲ ခင်းစျေးဆိုင်ခန်းများ၊ ပွဲလာဧည့်ပရိသတ်များဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
အဆိုပါ ကပြဖျော်ဖြေပွဲသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) (မိုင်းခတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်အေးထွန်းနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ မိုင်းခတ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများက လွတ်လပ်ပျော်ရွှင်စွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် အမှတ်(၁)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(အဖွဲ့ကြီး) ဗိုလ်မှူး နေဝမ်းထွန်း ဦးဆောင်သော အနုပညာရှင်စစ်သည်၊ စစ်သမီးများက သီဆိုကပြမှုဖျော်ဖြေရေးအစီအစဉ်များ၊ တစ်ခန်းရပ်ဟာသပြဇာတ်များနှင့် မျက်လှည့်လက်လှည့် အစီအစဉ်များဖြင့် ခင်မင်ရင်းနှီးစွာ ကပြဖျော်ဖြေတင်ဆက်ခဲ့ရာ ကြွရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့မိ/ မြို့ဖများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများမှ ဂုဏ်ပြုဆုတော်ငွေများချီးမြှင့်ခဲ့ကြောင်း ပွဲဖြစ်ရောက်ရေး ကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)