Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်း…
Jan 10,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့တို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၊ ကလေးစာဖတ်ခန်း၌ ကျောင်းသား/သူများ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်
Jan 10,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ခြင်းကို ယမန်နေ့ ညနေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ ဆောင်းပဲသီးနှံမျိုးစုံအား လျာထားချက် ပြည့်မီကျော်လွန် စိုက်ပျိုးပြီးစီး
Jan 10,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ဆောင်းပဲသီးနှံစိုက်ပျိုး၍ ဒေသအတွင်း စားရိက္ခာဖူလုံရေး၊ တောင်သူများ စိုက်ပျိုးရေးကဏ္ဍဖြင့် ဝင်ငွေတိုးပွားရေးရည်ရွယ်၍ ယခုနှစ်ဆောင်းပဲသီးနှံမျိုးစုံ ၄၇၂၃၄ ဧကစိုက်ပျိုးနိုင်ရေးလျာထားပြီး အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ၅၅၁၈၀ ဧက လျာထားချက်ပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့တွင် ရော်ဘာများဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ
Jan 10,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ကုန်းတောင်တန်းများထူထပ်ပြီး သဘာဝမြေဩဇာများရှိသည့်အတွက် ဒေသခံပြည်များမှာ အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းပြုကြသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jan 10,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ် (၂)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းပြီး စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်
Jan 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက်အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက်ငှားရမ်းပေးခြင်း၊ စာဖတ်ခြင်းအကျိုး အသိပညာပေးဟောပြောခြင်း၊ သွေးလွန်တုပ်ကွေးအသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှဝန်ထမ်းများက ယမန်နေ့နံနက်(၁၀)နာရီအချိန်က သာကေတမြို့နယ်အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်းနှင့် ယမန်နေ့နေလယ်(၁၂)နာရီအချိန်က အမှတ်(၃၇)အခြေခံပညာမူလတန်းကျောင်းတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 10,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းကျန်းမာရေးအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကိုယ်ပိုင်ကျောင်းနှင့်ဘော်ဒါများ၊ ကျောင်းအုပ်ကြီးများ၊ မြို့နယ်ပညာရေးမှူးရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
(၇၃) နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့၊ မြို့လယ်ဓမ္မာရုံဘက်စုံပြန်လည်ပြုပြင်ပြီးစီးခြင်း ရေစက်ချအလှူတော်မင်္ဂလာ…
Jan 10,2025
(၇၃) နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့၊ မြို့လယ်ဓမ္မာရုံဘက်စုံပြန်လည်ပြုပြင်ပြီးစီးခြင်း ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်က အဆိုပါဓမ္မာရုံ၌ ကျင်းပရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4001
Page
4002
Page
4003
Page
4004
Current page
4005
Page
4006
Page
4007
Page
4008
Page
4009
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department