အမြို့မြို့အနယ်နယ်သတင်းများ

Nov 11,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄ခုနှစ်အတွက် ဆောင်းသီးနှံစိုက်ပျိုးကြမည့်  တောင်သူဦးကြီးများအားလယ်ယာလုပ်ငန်းသုံး  သွင်းအားစုများ ကြိုတင်ဝယ်ယူအသုံးပြုနိုင်ကြစေရန်အတွက်  ဆောင်းသီးနှံစရိတ်ချေးငွေများကို  ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်ကာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင်  ထုတ်ချေးပေးခဲ့ကြောင်း  သိရသည်။
Nov 11,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆည်ရေပေးစနစ်ဖြင့် စိုက်ပျိုးသီးနှံများ ရေပေးရာတွင် ရေအလေအလွင့် ဆုံးရှုံးမှုနည်းပါးစွာပေးဝေနိုင်ရေး၊ ရေစီးရေလာကေင်းမွန်စွာဖြစ်ပေးဝေနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ထုံးကြီးမြောင်းတွင် ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ စိုက်ဧက(၂၂၇၂)ဧက ရေအလေအလွင့်ဆုံးရှုံးမှုနည်းပါစွာ စိုက်ပျိုးရေများ ပြည့်ဝစွာပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
Nov 11,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြု(Community Centre)တွင် ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်ရေးရာအသိပညာ​ပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 11,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဆည်ရေသောက် စနစ်ဖြင့်လည်းကောင်း၊ မိုးကောင်းသောက်စနစ်ဖြင့်လည်းကောင်း ဝမ်းစာဖူလုံရေးအတွက်  စိုက်ပျိုး ထားရှိသော မိုးစပါးများ  မကြာမီရိတ်တော့မည်ဖြစ်ကြောင်း စပါးစိုက်တောင်သူများထံက သိရသည်။
Nov 11,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြပွဲ/ပြိုင်ပွဲများ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ‌မန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
Nov 11,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားရပ်ကွက် ဘုရားငါးဆူကွင်းတွင် (၉၄)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲတော်ကို ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီးမှူး၍ နိုဝင်ဘာလ(၁၀)ရက် ညနေပိုင်းမှစတင်ကာ  အစဉ်အလာမပျက် ကျင်းပခဲ့ကြသည်။
Nov 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ဘောလုံး အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို မြို့မအားကစားကွင်းတွင် ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
Nov 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၏ (၁၉)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့နှင်းသဘင် အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်နေ့နံနက် ၉ နာရီခွဲက နည်းပညာတက္ကသိုလ် (ကျိုင်းတုံ) ဘွဲ့နှင်းသဘင်ခမ်းမ၌ ကျင်းပခဲ့သည်။