လဲချား နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြု(Community Centre)တွင် ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ဉီးစီးအရာရှိဒေါ်ခင်ချိုထွေးက ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ အောင်မြင်သည့်လူငယ်လူရွယ်များ ပေါ်ပေါက်လာစေရန်၊ စာကြည့်တိုက်အား ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်အတွက်ရည်ရွယ်၍ ယခုလိုဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး လူငယ်ရေးရာနှင့်ပတ်သက်သည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းအရာများအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၃၅)ဉီး တက်ရောက်ခဲ့ကြောင်း သိရသည်။
လဲချား(မြို့နယ် ပြန်/ဆက်)