နတ်မောက် နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဆည်ရေသောက် စနစ်ဖြင့်လည်းကောင်း၊ မိုးကောင်းသောက်စနစ်ဖြင့်လည်းကောင်း ဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုး ထားရှိသော မိုးစပါးများ မကြာမီရိတ်တော့မည်ဖြစ်ကြောင်း စပါးစိုက်တောင်သူများထံက သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးများကိုစိုက်ပျိုးရာတွင် ပုံမှနန်စိုက်ပျိုးလျက်ရှိသောမနောသုခ၊ ဆင်းသုခ၊ ဧရာမင်းစပါး မျိုးများအပြင် တစ်ဧကစပါး အထွက်နှုန်း(၁၅၀)တင်း ထွက်ရှိနိုင်သော ဆာဖိုးသာ စပါးမျိုးနှင့် YSR -1စပါး မျိုးသစ်များလည်း အထွက်နှုန်း ကောင်းမွန်ရေး မျိုးကောင်း မျိုးသန့်ရရှိရေးအတွက် စိုက်ပျိုးလျက်ရှိပြီး စံကွက်များ၊ စမ်းသပ်ကွက်များသတ်မှတ်၍ စိုက်ပျိုးလျက်ရှိသည်။ ဒေသခံတောင်သူများ မိုးစပါးစိုက်ပျိုးရာသီတွင် သီးနှံများအောင်မြင်ဖြစ်ထွန်းရေး လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ၊ သွင်းအားစုပစ္စည်းများ၊သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများကျရောက်မှုမရှိစေရေး ကြိုတင် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို သက်ဆိုင်ရာဌာနများ၊ ဒေသခံတောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
နတ်မောက်မြိုန့ယ်တွင် ဇူလိုင်လဆန်းပိုင်းမှ စတင်စိုက်ပျိုးရှိသော မိုးစပါးများ မကြာမီရိတ်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။
မူမူစန်း