အမြို့မြို့အနယ်နယ်သတင်းများ

May 31,2026
နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကြစို့​ ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရန်၊ ဂေဟစနစ်တည်ငြိမ်မှုအား အထောက်အကူပြု​စေရန်၊ ပြည်သူလူထုမှ သစ်ပင်စိုက်ပျိုးလိုစိတ်ဖြစ်ပေါ်လာပြီး သစ်တောသစ်ပင်များကို ချစ်ခင်တန်ဖိုးထားတတ်စေရန်နှင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ပုတီးကုန်း) ကျောင်းဝန်းအတွင်း ကျင်းပ​ပြုလုပ်ခဲ့သည်။
May 31,2026
ကရင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ကျင်းပသော (၂၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့၊ လူငယ်စင်တာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 31,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဇရပ်လှတိုက်နယ်ဆေးရုံတွင် ပြည်မြို့ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ညွှန်ကြားရေးမှူး (ဒုတိယဆေးရုံအုပ်ကြီး-တာဝန်ခံ) ဒေါက်တာကေသီဝင်းမောင် ခေါင်းဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 31,2026
မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီး‌လန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓမီးသတ်တပ်ဖွဲ့ဝင် ရှစ်ဦး၊ အရန် ၂၀ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းကစတင်၍ (ဂ)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
May 31,2026
ပျော်ဘွယ်မြို့နယ်၌ မီးသတ်ဦးစီးဌာနမှ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 31,2026
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ် အမှတ်(၃) ရပ်ကွက် ကမ်းနားလမ်းနှင့် ကိုင်းတန်းလမ်းထောင့်တွင် အမှတ်(၄၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ၊ မော်တော်ယာဉ်များ စုံရက်/ မရက်အလိုက် စစ်ဆေးအသိပညာပေး ဆောင်ရွက်မှုကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။