လမ်းမတော် မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ် အမှတ်(၃) ရပ်ကွက် ကမ်းနားလမ်းနှင့် ကိုင်းတန်းလမ်းထောင့်တွင် အမှတ်(၄၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ၊ မော်တော်ယာဉ်များ စုံရက်/ မရက်အလိုက် စစ်ဆေးအသိပညာပေး ဆောင်ရွက်မှုကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ထိုသို့ ပြုလုပ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလွင်နှင့်အဖွဲ့ဝင်များ၊ အမှတ် (၄၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်ခင်မာဦးနှင့် အဖွဲ့ဝင်များ၊ လမ်းမတော်မြို့မရဲစခန်းမှ ဒုရဲအုပ်သူရအောင်နှင့်အဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း မောင်းနှင်ခြင်းရှိ/မရှိ၊ စုံရက်၊ မရက် ခွဲခြား၍ မော်တော်ယာဉ်များ မောင်းနှင်စေမည့်စနစ်အား အလေးထားလိုက်နာဆောင်ရွက်ရန် အသိပညာပေးပြောကြားမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)