Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့…
May 31,2026
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများပူးပေါင်းဆောင်ရွက်သည့် မြို့တွင်းရေစီးရေလာကောင်းမွန်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး တက္ကသိုလ်ကျောင်းများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး
May 31,2026
ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာပြည်သူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများပူးပေါင်း၍ ကျောင်းပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစောခေါင်ပန်ထော့နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်၌ “လမင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်များ ထုတ်ပေးခြင်းအခမ်းအနား ကျင်းပ
May 31,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အတွင်း ပါဝင်သည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် လူမှုစီးပွားဘဝ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ခရီးသွားလာရာတွင်လည်းကောင်း အဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးများကို အပြည့်အဝရရှိနိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် “လမင်းစီမံချက်”အရ အသက် (၁၀) နှစ်ပြည့်နှင့် အသက် (၁၈)နှစ်ပြည့်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်များ ထုတ်ပေးသည့်အခမ်းအနားကို မေ ၂၉ ရက်နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၄)ရပ်ကွက် သစ္စာလမ်းရှိ သုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့လူထုအခြေပြုဗဟိုဌာန၌ လူထုဟောပြောနည်းသင်တန်း ကျင်းပ
May 31,2026
ကျောင်းသား၊ ကျောင်းသူများနှင့်ပြည်သူလူထုများအား အသိပညာဗဟုသုတနှင့် ပြည့်စုံစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို အဓိကဆောင်ရွက်လျက်ရှိသော ကချင်ပြည်နယ်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများအား လူထုဟောပြော နည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ တောင်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 31,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေမှူး ဦးစိုင်းထွန်းထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မေလ (၃၀)ရက် မနက်ပိုင်းက တောင်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးဝမြို့တွင် စက်သုံးဆီအရောင်းဆိုင်များနှင့် တည်းခိုခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
May 31,2026
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ယမန်နေ့နံနက် ၉ နာရီက စက်သုံးဆီအရောင်းဆိုင်များနှင့် တည်းခိုခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းမြို့နယ်၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် Online လိမ်လည်မှုအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ပြည်သူ့စကားဝိုင်းကျင်းပ
May 31,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်အတွင်း ပြည်သူများ၏ ဥပဒေရေးရာနှင့် လူမှုဘဝလုံခြုံရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ “လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနှင့် Online လိမ်လည်မှုအန္တရာယ်ကာကွယ်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk) ကို ယမန်နေ့နံနက် ၁၀ နာရီက ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူ့အတွက် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် 200 KVA ထရန်စဖော်မာ ဖွင့်ပွဲအခမ်းအနား ကျင်းပ
May 31,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် 200 KVA ထရန်စဖော်မာတည်ဆောက်ပြီးစီး၍ ဓာတ်လွှတ်ဖွင့်လှစ်သည့်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကန်တော်ကလေး (တောင်)ရပ်ကွက်၊ ၉၁-လမ်းနှင့် ၉၁-လမ်းဖြတ်လမ်းထောင့်တွင် ယမန်နေ့နံနက်(၉)နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးချစ်ဆောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
323
Page
324
Page
325
Page
326
Current page
327
Page
328
Page
329
Page
330
Page
331
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department