ပျော်ဘွယ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပျော်ဘွယ် မေ ၃၁

ပျော်ဘွယ်မြို့နယ်၌ မီးသတ်ဦးစီးဌာနမှ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးနှင်တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် မီးဘေးလုံခြုံရေး တပ်ဆင်ထားရှိသော ပစ္စည်းကိရိယာများ၊ သိုလှောင်ကန်များ၊ ရေရရှိ‌ရေး ဆောင်ရွက်ထားရှိမှုများအား စစ်‌ဆေးခြင်း၊ အရောင်းဆိုင်ဝန်ထမ်းများ မီးသတ်ဆေးဘူးအသုံးပြုတတ်မှု၊ မီးသတ်စက်ဖြင့် လက်တွေ့စမ်းသပ်အသုံးပြုမှုများအား စစ်ဆေး၍ လိုအပ်ချက်များကို အကြံပြုလမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)