Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကရင်ပြည်နယ် စာရင်းစစ်ချုပ် ဝန်ထမ်းလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း၌ သွားရောက်သင်တန်းပို့ချ
May 31,2026
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပေါ် စီမံဆောင်ရွက်၍ ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ အရာထမ်းငယ် ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်းကို ဘားအံမြို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃)၌ မေလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၄ နာရီအချိန်ထိ သင်တန်းဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ လူငယ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း တက်ရောက်အားပေး
May 31,2026
ဒေသတွင်းထုတ်ကုန်များ၏ အရည်အသွေးမြင့်မားစေရန်နှင့် ဈေးကွက်ကျယ်ပြန့်စေရန် ချိတ်ဆက်ပေးခြင်းကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ကရင်ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စား MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို မေလ ၃၀ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ မြို့မဘောလုံးကွင်း၌ ကျင်းပရာ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မနူဟာဘုရားကြီး ရွှေထီးတော်၊ ငှက်မျက်နားတော်နှင့်ရတနာစိန်ဖူးတော်တင်လှူပူ ဇော်ခြင်းနှင့် အလယ်ထိုင်တော်မူဆင်းတု တော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပြီးစ…
May 31,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာရှိ သထုံဘုရင် မနူဟာမင်းကြီးနှင့် မိဖုရားနင်္ဂလာဒေဝီတို့တည်ထားကိုးကွယ်တော်မူခဲ့သော မနူဟာဘုရားကြီး ရွှေထီးတော်၊ ငှက်မျက်နားတော်နှင့် ရတနာစိန်ဖူးတော်တင်လှူပွဲအခမ်းအနားကို မေ ၃၀ ရက်၊ နယုန်လပြည့် နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သနပ်ပင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 31,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ဖရဲကျေးရွာနှင့် ကမာဖရန်ကျေးရွာ လမ်းဘေး ဝဲ/ယာ ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သာကေတမြို့ ဆုတောင်းပြည့် ဇိနမာရ်အောင် စေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်အထွဋ်တင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါ…
May 31,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့် ဇိနမာရ်အောင်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွတ်တင်မင်္ဂလာအခမ်းအနားနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်းနှင့် ရေစက်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇိနမာရ်အောင်စေတီတော်မြတ်ကြီး၏ အရှေ့ဖက်ရင်ပြင်တော်ရှိ မင်္ဂလာမဏ္ဍာပ်တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့ ရှမ်းမျိုးနွယ်စုများဓမ္မာရုံ၌ ကျန်းမာရေး၊ အမျိုးသမီးများဘဝဖွံ့ဖြိုးရေးအတွက် အသိပညာပေးဟောပြော
May 31,2026
ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ဦးဆောင်၍ သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာ၊ လူကုန်ကူးမှုအကြောင်း သိကောင်းစရာများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ဆိုင်ရာတို့ကို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့၊ ခေမာသီရီရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများဓမ္မာရုံး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ သဘာဝတောများမှ ထင်းအစားထိုး စွမ်းအားမြှင့်မီးဖိုများ တိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ် လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွ…
May 31,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သဘာဝတောများမှ ထင်းအစားထိုး စွမ်းအားမြှင့်မီးဖိုများ တိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ် လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဇင်းကျိုက်မြို့၊ ဆားဖိုစုရပ်ကွက် ဓမ္မာရုံ၌ ပြုလုပ်ခဲ့ရာ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးနှင့် ဝန်ထမ်းများ၊ ဆားဖိုစုရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 31,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သည့် အထူးကုဆရာဝန်များပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် မေလ(၂၉)ရက်နေ့က ပုခန်းကျောင်းတိုက်ရှိ ဓမ္မာရုံတွင် ရဟန်းရှင်လူပြည်သူများအား ကျန်းမာ ရေးဆောင်ရှောက်မှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
325
Page
326
Page
327
Page
328
Current page
329
Page
330
Page
331
Page
332
Page
333
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department