မအူပင်မြို့တွင် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ထောက်ပံပေးအပ်

မအူပင်  သြဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်- ၁၉ ကြိုတင်ကာကွယ်ရေးကာလအတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများတွင် လူစုလူဝေး မဖြစ်ပေါ်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မအူပင်မြို့နယ် ကိုဗစ်- ၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်း ကော်မတီ၏ စီစစ်ဆောင်ရွက်မှုအရ လုပ်ငန်းခွင်များတွင် လုပ်သားအင်အား လျော့ချမှုအပေါ် နစ်နာဆုံးရှုံးရသည့် အလုပ်ဌာနများအား လူမှုဖူလုံရေးဥပဒေ နှင့်အညီ အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မအူပင်ခရိုင် လူမှုဖူလုံရေးရုံး ဦးစီးအရာရှိ ဒေါ်မာလာမျိုးမင်းက လူမှုဖူလုံရေး အကျိုးခံစားခွင့်နှင့် ကိုက်ညီသည့် စက်ရုံ၊ အလုပ်ရုံများမှ လုပ်သားပြည်သူများအား ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးအပ်ရမှုကို ရှင်းလင်းပြောကြားပြီး ကိုဗစ်- ၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးကာလအတွင်း လုပ်ငန်းများကို ယာယီရပ်ဆိုင်းမှုအတွက် လုပ်ငန်းခွင် လျော့ချမှုကြောင့် နစ်နာဆုံးရှုံးမှု မဖြစ်စေရန် မအူပင်မြို့နယ်အတွင်းရှိ အလုပ်ဌာန(၁၂)ဌာနအား တင်ပြတောင်းခံခဲ့ရာ  အလုပ်ဌာန(၂)ဌာန ဖြစ်သည့် ရွှေဆံပင်တု လုပ်ငန်းနှင့် Hayman Capital အသေးစားချေးငွေ ကုမ္ပဏီအတွက် လုပ်ကိုင်ဆောင်ရွက်သည့် အလုပ်သမား (၉၀)ဦးအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့် ထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ်(၅၂၅၈၂၉၅/ ၄၇)အား မအူပင်ခရိုင် ဦးစီးအရာရှိ ဒေါ်မာလာမျိုးဝင်းက ပေးအပ်ခဲ့ရာ ဟေမာန် သေးစားချေးငွေ ကုမ္ပဏီဌာနခွဲ မန်နေဂျာ ဦးရွှေမြနှင့် ရွှေဆံပင်တုလုပ်ငန်း တာဝန်ခံ မန်နေဂျာ ဒေါ်သင်းသင်းချို တို့က လက်ခံရရှိခဲ့ပြီး တင်ပြတောင်းခံထားရှိသည့် လုပ်ငန်းဌာနများအား ခွင့်ပြုချက်ရရှိပါက ဆက်လက်ထောက်ပံ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ခိုင် (မအူပင်)