သုံးခွမြို့နယ် ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအား တီဘီရောဂါပိုးရှိ/မရှိ စမ်းသပ် စစ်ဆေး

သုံးခွ ဩဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီ၊ သုံးခွမြို့နယ် ပြည်သူ့ဆေးရုံရှိ ကျန်းမာ‌ရေးဝန်ထမ်းများအား အမျိုးသားတီဘီတိုက်ဖျက်ရေး ဌာန(ရန်ကုန်)မှ တိုင်း တီဘီရောဂါ တိုက်ဖျက်ရေး ဆရာဝန် ကြီး ဒေါက်တာဇော်မြင့် ဦးဆောင်သောအဖွဲ့က ဝန်ထမ်းများ တီဘီရောဂါ ကင်းစင်စေရေး အတွက် ရွေ့လျားဓာတ်မှန်စက်ဖြင့် တီဘီရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်းကို ယမန်‌ နေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တီဘီရောဂါ စမ်းသက်စစ်ဆေးပေးမှုအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနရှိ ဝန်ထမ်း ၂၀၀ ဦးခန့်အား စစ်‌ဆေးပေးခဲ့ပြီး မြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဇော်ဝင်းသန်းနှင့် ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးကြောင်း သိရှိရ သည်။

စည်သူလင်း ပြန်/ဆက်