Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကော့ကရိတ်မြို့တွင် မဲဆန္ဒရှင်အသိပညာပေး သင်တန်းဖွင့်လှစ်
Aug 25,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် သိသင့်သိထိုက်သည့်အချက်အလက်များကို သိရှိစေရန်ရည်ရွယ်၍ အရပ်ဘက်လူမှုအဖွဲ့အစည်း KSCN ကော့ကရိတ်နှင့် PANNA INSTITUTE၊ STEPDEMOCRACY တို့ပူးပေါင်း၍ ယမန်နေ့က မဲဆန္ဒရှင်အသိပညာပေးသင်တန်းကို အမှတ် ၄ ရပ်ကွက်၊ တောင်ပေါ်ကျောင်းဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) အခမဲ့ထိုးနှံပေးသွားမည်
Aug 25,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဒုတိယဖြစ်ပွားမှုအများဆုံးရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် (HPV) ကာကွယ်ဆေးထိုးနှံခြင်းကို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လည်ဘူးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသူများအား ဖမ်းဆီးအရေးယူ ဆောင်ရွက်မည်
Aug 25,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရေးအတွက် ဆိုင်ကယ်စီးနင်းကြသူများအား ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ပညာပေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ဆောင်ရွက်ခြင်းကို ဩဂုတ် ၂၂ ရက်န့က စပြီးပင်လည်ဘူး- ကောလင်း- ဖောင်းပြင်သွား ကားလမ်းဆုံတွင် ပြုလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့တွင် ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂ နှစ် အောက်ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်
Aug 25,2020
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယမန်နေ့နံနက်ပိုင်းက မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂ နှစ်အောက်ကလေးများအား MCCT အစီအစဉ်အရ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP ) အရ မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်သည့်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ
Aug 25,2020
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကျေးလက်နေပြည်သူများ ဝင်ငွေနည်းလျော့နည်းလာမှုနှင့်
အပြည့်အစုံ ဖတ်ရန်
တန့်ဆည်မြို့နယ်၌ မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်စာရင်းများပြည့်စုံ မှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်စာရင်းများပြည့်စုံ မှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ မဲဆန္ဒရှင်များစာရင်းမှ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ) ဖြင့်လျှောက်ထားသူများကို ပြင်ဆင်ပေးလျက်ရှိ
Aug 25,2020
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ) ဖြင့် လျှောက်ထားသူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်းများ၌ ကိုဗစ်-၁၉ရောဂါ မဖြစ်ပေါ်စေရန် ထိန်းချုပ်ရေးလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်လျက်ရှိ
Aug 25,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အခြေခံပညာအထက်တန်း ကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ထပ်မံမဖြစ်ပေါ်လာစေရန် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ ပေါ့လျှော့မှု မဖြစ်စေရေး အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29780
Page
29781
Page
29782
Page
29783
Current page
29784
Page
29785
Page
29786
Page
29787
Page
29788
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department